မင်းကွတ်ပင်သည် ဂတ်တဖာရီး မျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒ အလိုအားဖြင့် ဂါစင်းနီးယား မန်ဂိုစတားနား ဟုခေါ် သည်။ မင်းကွတ်ပင်၏ မူလပေါက်ရာ အရပ်မှာ မလ္လာယုကျွန်းဆွယ်ဖြစ်၍ မြန်မာနိုင်ငံတွင်းသို့ တဆင့်ယူ ဆောင်စိုက်ပျိုးသည့် အပင်လတ်မျိုးဖြစ်သည်။ မင်းကွတ်ပင်သည် ပု၍ ဝိုင်းသည့်အပြင်
Tavoy Encyclopedia
ဘုတ်ပြင်းမြို့
ဘုတ်ပြင်းမြို့သည် မြန်မာနိုင်ငံ အောက်ပိုင်း၊ တနင်္သာရီတိုင်း မြိတ်ခရိုင် အတွင်းရှိ ဘုတ်ပြင်းမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ တနင်္သာရီ ကမ်းခြေပေါ်တွင် တည်ရှိသည်။ မြို့နယ် အကျယ်အဝန်းမှာ ၂,၃၇၁ စတုရန်းမိုင်ဖြစ်၏။
မရမ်းပင်
မရန်းပင်သည် ဆယ့်နှစ်ရာသီ စိမ်းလန်းသောအပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၄၀ ထိရှိသည်။ ရုက္ခဒေအလိုအားဖြင့် ဗိုအီအိုပေါဇီတီဖိုလီယာ ဟုခေါ်၍ အန်နကာဒီအေးစီအီး မျိုးရင်းတွင်ပါဝင်သည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းနှင့် ကပ္ပလီကျွန်းစုတွင် အလွန်ပေါများသည်။ မိုးအလွန်ပါးသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှတပါး
ကညင်ဆီ
ကညင်ဆီတိုင်သည် မြန်မာကျေးရွာများ၌ မီးထွန်းရန်နှင့် မီးမွှေးရန် အသုံးပြုသော ပစ္စည်းဖြစ်သည်။ ကညင်ပင်မှရသော ကညင်ဆီဖြင့် ပြုလုပ်ထားသည်။ ကညင်ဆီကို ထုတ်ယူပုံမှာ တောတောင်၌ ပေါက်ရောက်သော လုံးပတ် ၅ တောင်မှ ၈ တောင်အထိ ကြီးမားသည့် ကညင်ပင်ကြီးတွင် အောက်ခြေအမြစ်မှာ အထက် ၃
ကနစိုးသီး
ကနစိုးသီးကို မြန်မာနိုင်ငံ၌ ကလေးလူကြီး မကျန် စားဖူးကြသဖြင့် ကနစိုးပင်ကို လူတိုင်းပင် သိကြပေမည်။ ကနစိုးပင်သည် အမြဲစိမ်းပင်မျိုးဖြစ်၍ အထက်နှင့် အောက်မြန်မာပြည် မိုးများသော ဒေသများတွင်ပေါက်သည်။ အရွယ်မှာ အလတ်စားမျိုး ဖြစ်သဖြင့် အမြင့် ပေ ၄၀ မှ ၅၀ အထိ၊ ပင်စည်လုံးပတ် ၂ ပေမှ ၅ ပေ အထိသာ ရှိကြသည်။
Subscribe to:
Posts (Atom)