ပင္လယ္ကပြီး

ကပွီးပွင်သည် မြန်မာနိုင်ငံ ရခိုင်နှင့် တနင်္သာရီပင်လယ်ကမ်းရိုးတန်း တလျှောက်၌ ပေါက်သဖြင့် ပလယ်ကပွီးပင်၊ ပင်လယ်ထင်ရှူးပင် ဟူ၍လည်း အမည်တွင်သည်။ ကပွီးမှာ ထားဝယ်အမည်ဖြစ်၏။

ကပွီးပင်သည် သစ်ပင်ကြီးမျိုးဖြစ်၍ အမြင့်ပေ ၁၀၀၊ ပင်စည်လုံးပတ် ၆ ပေမျှရှိသည်။ ကပွီသား၏ အရောင်မှာ နီညိုရောင်ရှိ၍ အလွန်မာသောကြောင့် ပြုပြင်ရခက်သည်။ သို့ရာတွင် ထင်းအတွက် အလွန်ကောင်းသဖြင့် အိန္ဒိယနိုင်ငံတောင်ပိုင်း၌ အကြီးအကျယ် စိုက်ပျိုးထားကြသည်။ ခိုင်ခံခြင်း၊ ဖြောင့်စင်းခြင်း၊ နွဲ့ပျောင်းခြင်း၊ ပေါ့ပါးခြင်း စော ဂုဏ်သတ္တိများရှိခြင်းကြောင့် ကပွီးသားကို လှေရွက်တိုင် ရွက်ပေါင်လက်၊ လှော်တက်၊ တက်မစသည်များ ပြုလုပ်နိုင်သည်။ အခေါက်ကိုမူ ဝမ်းကိုက်ပျောက်ဆေးအဖြစ် အသုံးပြုကြသည်။

ကပွီးပင်သည် ဘန့်ပွေးပင်နှင့် ဆင်တူသည်။ သို့သော် ပဲခူးနယ်ဖက်၌ တွေ့ရသော ဘန့်ပွေးပင်နှင့် နေရာတကာတွင် တူသည် မဟုတ်ချေ။ ဘန့်ပွေးမျိုးဝင် သစ်ပင်တမျိုးကား ဖြစ်နိုင်စရာ အကြောင်းရှိသည်။